ရလဒ်

| 0 comments |

လူငါးဆယ်စာ လိမ်ညာမှုမြောက်တဲ့
ဒုတိယရက်...
အင်္ဂါနေ့ နံနက်မှာ ရှက်တက်ခဲ့တယ်
မဟုတ်ဘူး ဒါ..အလင်္ကာမဟုတ်ဘူး
နမိတ်ပုံမဟုတ်ဘူး
လူတချို့မျက်ဝန်းအိမ်ထဲက အံသြတကြီး
သိမ်ငယ်စေမှုကို ငါဖတ်ရှားခဲ့တာ
ငါ့မှာလေ ကျောဖက်ကဓါးမြလိုပဲ
ဆောင်းရာသီတွေ ငါ့ကျောမှာအေးခဲတယ်
နွေရာသီတွေ ငါ့ကျောမှာပူခဲ့တယ်
မိုးရာသီတွေ ငါ့ကိုယ်ပေါ်ရွာကျခဲ့တယ်
ငါလေ ကြက်ခြေခတ်နဲ့အကြောင်း
အဓိက ကတော့ ငါ့မိုးတိမ်ကြောင့်
ကောင်းကင်ရဲ့ရင်ခွင်မှာရှိတာကို နောက်မှသိခဲ့ရတယ်
ဒါဆို...ငါ ဘာလဲ
နတ်ဆိုးတို့ရဲ့ မှတ်ချက်မှာ ကောင်းကြောင်း
အထင်မခံပါရစေနဲ့
ငါလေ...........
ငါကလေ..........
အရှုံးခံပြီး လိမ်လည်မှုကို ကျူးလွန်သူပါ။
မင်းမင်း

LEER MÁS...

ပထမ အကြိမ်မြောက် ကဗျာရွတ်ပွဲ

| 0 comments |

မနေ့က ကျွန်တော်တို့မြို့လေးမှာ ကျွန်တော်တို့သူငယ်ချင်းတွေပေါင်းပြီးတော့ ကဗျာရွတ်ပွဲလေးလုပ်ဖြစ်တယ်။ မြို့နယ်ဆိုင်ရာ ပွဲလေးကို တရားဝင်ပြုလုပ်ခွင့် ရခဲ့တယ်။ ပျော်ဖို့ကောင်းပါတယ်။ ၀ါသနာရှင်အနေနဲ့ ပထမအတွေအကြုံပါပဲ။ စင်ပေါ်ရောက်တော့ ဒူးတွေတုန်လိုက်တာဗျာ။နောက်မှ မနည်းမု့ထည်းရွတ်ရတယ်။ အသံတွေမတုန်အောင်သတိလည်းထားရနဲ့ ရင်တမမနဲ့ ပွဲလေးက လှပသေသပ်စွာ ပြီးဆုံးခဲ့တယ်။ ကျွန်တော် ပို့တွေကို တက်နိုင်သမျှအသစ်တွေဖြစ်အောင်ပြုလုပ်ပါမယ်လို့ ကတိတစ်ခုကို နက်ပေါ်တင်ထားလိုက်ပြီဗျာ။ ချစ်သောသူလည်း အေးမြပါစေ။

LEER MÁS...

| 0 comments |

ကောက်ကွေ့တဲ့လက်

ငယ်ငယ်တုန်းက ကဗျာတစ်ပုဒ်
ရွတ်ဆိုဖူးတဲ့ကောင်လေ...

သူ့လက်မှာ ကျောက်ထက်စာသားတွေထွင်းမယ့်
၂၁ရာစု လူရိုင်းသမိုင်းစာမျက်နှာတွေ
သူ့ မျက်လုံးမှာ သက်တန့်တွေခင်းမယ့်
ဆင်စွယ်ရောင် မျော်လင့်ချက်တွေ
အားအင်ချိနဲ့နေတဲ့ စိတ် မျောလွင့်နေရဲ့

နောက်လက်တစ်ဖက်က လေပေါ်ထွင်းမယ့်
၂၁ရာစု လူယဉ်ကျေးတို့ရဲ့ ဒဏ္ဍာရီလက်ကမ်းပုံပြင်တွေ
နောက်မျက်လုံးတစ်ဖက်မှာတော့ အိမ်မက်တွေခင်းမယ့်
ကာလာမဲ့ စေစားချက်တွေ
စွမ်းစွမ်းတမံနဲ့ပဲ စိတ်ဟာ မှေးစက်နေရဲ့

ထကြတော့..ထကြတော့
လိုအပ်ချက်တွေထဲက လင်းလတ်ကြယ်တစ်ပွင့်လို
တောက်ပမှု့တွေထဲက ထကြတော့

ညဟာ ပို လင်းလာပါရဲ့။ ။

မင်းမင်း



LEER MÁS...
| 0 comments |


မျက်ဝန်းထဲက လမ်း


မလွဲနိုင်တဲ့ ဆက်သွယ်ရေး
ကွန်ယက်တွေကြား
ငါတို့မှာ...
အသံ အနံ အကြား အမြင်
ဘာတစ်ခုမှ မရရှိအောင်
ဝေးနေကြရ

လူ့စည်းမျဉ်းများက
တံတိုင်းခြားနေခဲ့ရ

အနာဂတ်မှန်တွေ
မှိန်ပါးနေခဲ့ရ

ငါ..ဟာ ထာဝရ
သံမဏိ အနာတရတွေဖြစ်ခဲ့ရ

ဒီလိုပဲပေါ့..အချစ်ဆိုတာ
အရမ်းညိုခဲ့တော့ မရွှာနိုင်တဲ့
မိုး လိုပဲ
တိတ်တိတ်လေး မြတ်နိုးနေ
ငြိမ်ငြိမ်းလေး လွမ်းဆွတ်နေ
ဖြေးဖြေးလေး ကြေကွဲနေရ
ညှင်ညှင်သာသာလေး တမ်းတနေ
အချစ်ဟာ..အဲ့ဒါတွေနဲ့
ညိုနေတဲ့ မိုးတိမ်တစ်ခုပေါ့

တစ်ခါတစ်လေတော့
ပွင့်သစ္စ ဂန္တာရအလယ်မှာ
ဆာလောင်သလို
ဒဏ်ရာမျိုးကို တမ်းတမိပါရဲ့

ဒဏ္ဍာရီတစ်ခုလိုလည်း
ဂန္တာ၀င်ဆန်ခဲ့ပါရဲ့

ကောင်မလေးရေ..
တစ်ခါလောက်တော့
အပြုံးကို မျက်လုံးချင်း
ဖလှည်ချင်ပါရဲ့။ ။

မင်းမင်း

LEER MÁS...
| 1 comments |



မိုးငေး

တချို့တစ်လေက
မိုးရွာချိန်မှာ
မိုးရေထဲက ကောင်းကင်ကို
မော့ကြည့်တယ်
တချို့ကတော့
မိုးရွာချိန်မှာ
မိုးရိပ်ထဲက ကောင်းကင်ကို
မော့ကြည့်တယ်

ငါ...တချိန်တုန်းက
မိုးရွာချိန်မှာ
လောကဓံ ကိုမြင်ဖူးတယ်
မိုးရွာထဲမှာလား
မိုးရိပ်ထဲမှာလား
.............................
မိုးပေါက်တွေကြားမှာလား
မိုးခိုရာနေရာမှာလား
...လောကဓံက ပြုံးလို့...
ငါ.......တချိန်တုန်းက
.....မိုး နဲ့...ပြုံးလို့.......

မှောင်ခဲ့တယ်....မဲခဲ့တယ်
မိုးစက်တွေနဲ့
တချို့လူတွေက ..မုန်ယိုခဲ့တယ်
ငါကတော့....မိုးငေး

တချိန်က...ငါ့ကိုငါ..
ရွာကျခဲ့ဖူးတယ်..
..........မိုးငေး..........။ ။




မင်းမင်း

LEER MÁS...

| 2 comments |

တစ်ခါတုန်းက မမရေ....
လွှမ်းတယ်ဆိုတာထက် သေမတက်ခံစားခဲတဲ့သတိရခြင်းနဲ့ လွမ်းဆွတ်ခြင်းတွေကိုပျိုးထားတယ်။ဒီနေ့ မမ ကို သွားရှာခဲ့တယ်ဗျာ။ မတွေ့ဘူး။ စောင့်မျော်လင့်ခြင်းတွေနဲ့သာ ကြေကွဲခဲ့ရတယ်။ ဘယ်ဆီမှာ မမ ရှိနေမလဲ။ ဘယ်အချိန်မှာ မမ ကိုပြန်တွေ့ရမှာလဲ။ မမ အရင်အတိုင်းပဲလား။ ကြားရတာတော့ ဆံပင် ကို မျက်ဝန်း တဖက်ဖုံးထားတယ်တဲ့။ ဒါဆိုလဲ မမ ကလှနေမှာပါပဲ။ တစ်ခါမှ နင့်နင့်နဲနဲမချစ်ဘူးခဲ့တဲ့ကောင်မို့ ရူးတယ်။ မဖြစ်နိုင်မှန်းသိလျှက်နဲ့ မေ့မရတာ။ မရနိုင်မှန်းသိလျှက်နဲ့ တမ်းတတာ...မမ..မမလို့ခေါ်တဲ့ မွန်ရေ....ချစ်တယ်။ ထာဝရချစ်တယ်။


တစ်ခါတုန်က မမ အကြောင်းရေဖူးတဲ့ကဗျာလေးကို ပြန်တင်လိုက်တယ်နော်။
ကချင်၊ကယား၊ကရင်၊ချင်း..........အဲပြီးတော့ဘာလဲ......သိလား

အဲ့ဒါ...ဒီကဗျာရဲ့ခေါင်းစဉ်ပေါ့....တစ်လုံးတည်းနော်


-ရင် သွန်း ညွန်း ဆို

မှော် ရွင် မျက် ၀န်း

ချစ် ရင် မှာ စွန်း

က ဝေ လင်း တို့

ဖြန့် ဟုန် ခဲ့ သည်


-ရိုက် စည်း မ မှန်

နှ လုံး သား သံ

တုန် လျှား ဟိန်း မွန်း

သက် ပြင်း ဆို ပြီ

လေ လွင့် ဆံ နွယ်

ဆင်း ကျ ကြုံ ခိုက်


-ကြည် လဲ့ ချို ရှိန်း

သာ ယာ တိမ်း ယံ

မိန် မော အ သံ

ညာဉ် ယံ ရောင် နက်

လင်း ပျံ စေ သည်


-လေ ယိမ်း ယဉ် တိုက်

နှိုး မဲ့ ကိုယ် ဟန်

သိမ်း တိုက် မာန် မည်

ရှိုက် တုံ သည်း ကို

ဆွဲ ဆောင် ပျိုး သည်

နှိုး ထ ချစ် ကို

လွမ်း ထန် တိုး ၏။ ။


LEER MÁS...

| 2 comments |

ချစ်ခင်ရပါတဲ့..ရွှေပွဲလာ.အဲ(ဘွာဘွာ)..ဘလောဂါဆရာ/ဆရာမ အပေါင်ဆုံးတို့...ဟုတ်ပါဘူး..အပေါင်းတို့ခင်ဗျာ။
ကျွန်တော် သားသားလေး မောင်မင်းမင်းမှာ ဘလော့မှ အနားယူနေရာမှ(ရန်ကုန်-မှာ Connectionမကောင်းလို့
ပြန်မပြင်ဖြစ်တဲ့ blogလေးကို)ခု စိတ်ညစ်ခံ၊ အချိန်ကုန်ခံ၊ ငွေကုန်ခံဖြင့် ပြန်လည်ပြင်ဆင်နေချိန်အတွင်းမှာ အမှား
များရှိရင်တောင်းပန်ပါတယ်။ ဆက်လတ်ပြီးကြိုးစားသွာပါမယ်လို့ ပြောကြားရင်း............................






LEER MÁS...

| 3 comments |

အသစ်မတင်နိုင်သေးဘူးဗျို့။

ဆရာတာယာမင်းဝေရေးခဲ့သလို

``ချစ်ခြင်းဆိုတာ

မှော်ဆရာတစယောက်ရဲ့

နီဂုံးလိုနောက်ဆုံးမှာ

မီးခိုးလုံးများဖြစ်သွားမလာ´´ဗျာ

LEER MÁS...

| 0 comments |


ညနေ၅နာရီခွဲရဲ့ဆည်းဆာအလှ


မရွာခင်ညိုတဲ့ မိုးတိမ်လိုထီးနဲ့

ညနေ၅နာရီခွဲဆည်းဆာအလှလို

မင်း....ငါ့ရှေကဖြတ်လျှောက်ခဲ့တယ်




မွေးကာစသမင်တစ်ကောင်ရဲ့မျက်ဝန်းမျိုးနဲ့

ငါ့နှလုံးသား ကို ဆယ်နှစ်ကြာသုသန်လို

မင်း.....စိုးမိုးပြီ

၁၂ကြိုးတောင်တန်းလိုပါးပြင်က

လျက်စီးဆင်းတွေကို မင်း

မြတ်နိုးစွာအုပ်မိုးခွင့်ပြုပါတော့

ဒါထက်တိတိကျကျ ပုံသွင်းထားတဲ့

မင်းရဲ့ လက်ဖ၀ါးချိုချိုလေးမှာ

နွေးနေပါစ အေးပါစ



တကယ်ဆိုမင်းအတွက်

စာရွက်တစ်ရွက်မှာတောင်

အမှားခံချင်တဲ့ကောင်မဟုတ်ဘူး

မင်းကတော့ ငါ့နှလုံးသားတွက်

လွမ်းသူပန်းခွေလေးပဲချပေးခဲ့တယ်ပေါ့




အက္ခရာတွေမသေချာတော့ဘူး

အမှန်း နဲ့ အချစ်

ပြောင်ပြန်ဖြစ်နေပြီ



မြွေတစ်ကောင်လို

ရက်ပေါင်း၁၈၀ကျော်စာ

နှစ်လိုမှုတွေအုံမှိုင်းနေပြီ

ဒီတော့...

တိမ်ညို...မိုးမရွာနဲ့

ငါ..ညနေ၅နာရီ အချိန်ကို

ဆွဲယူလိုက်ဦးမယ်။ ။

မင်းမင်း

LEER MÁS...

| 0 comments |

ကောင်းသောအရာတွေရောက်လာပါစေလို့ဆုတောင်းပေပါတယ်။


"ည"



ဘ၀တိုက်ပွဲက

စာလုံးပေါင်းတစ်ခုနဲ့ဒါ

နှောင့်နှေးကြန်ကြာမှု

ပျံသန်းမှုတစ်စုံတစ်ရာ

ပါဝင်စီးမျောပျံသန်း....

-ကြယ်ကြွေတစ်ပွင့်နဲ့

လင်းလတ်ဖို့ငါ့မှာ....

ခံစားချက်ကဗျာ

ဘယ်မှာပျောက်ရှခဲ့လဲ

ပြန်ရှာပေးပါ

-ရုပ်လုံးကိုထုဆစ်

ရှေဆူးညေုင့်တွေနဲ့

အထာည်ဟောင်းတစ်ခုလို

နံရံထက်မှာမက်မက်ရပ်နေခဲ့လား

-ပလပ်ဖောင်းပေါက်က

လေလွင်ငါတို့ဟာ

ပေါင်မုတ်တစ်လုံးနဲ့

မနက်ဖြန်ကိုဘာတွေများ

အာဟာရပေးရမလဲ

-အိမ်မက်စိတ်ကူးနဲ့

နေရောင်ခြည်တစ်ချို့တ၀က်

မျော်လင့်ချက်တွေနဲ့

ပေးနိုင်တဲ့အရာလို

ကျေးဇူးပြုခဲ့။ ။

မင်းမင်း

LEER MÁS...